388/6A, Wireless 3rd Street, Kabar Aye, Mayangone, Yangon, Myanmar

(+95) 09 253 688 883 ~884

Hotel IT and Computer Viruses

Hotel IT and Computer Viruses

Hotel IT and Computer Viruses

Computer viruses are destructive computer programs that can ”infect” a computer and damage data files, system files, and applications. Viruses can replicate themselves and can be transmitted as hidden files or programs from one computer to another. Viruses are most often transmitted when users carry a USB from computer to computer, copying files to and from the USB without considering whether or not they might contain a computer virus. An infected USB may invisibly transmit the virus to each computer that reads the files. This in turn infects one computer after another.

As more computer virus infections are through USB it would be a good decision by the hotel management to can block USB access on computers for all users.

The second and much more effective (and malicious) way viruses are spread is over the internet. Internet mail attachments are notorious for carrying computer viruses. Theses programs are attached to e-mail messages and then sent to numerous users. The unsuspecting user then opens the mail and carelessly infects the computer with a virus.

The most effective way to prevent the spread of computer viruses is to use a good anti-virus program to protect computers against the threat of viruses. These programs work as virus shields, scanning files for known computer viruses as they are opened or run. If a virus is detected, it is immediately cleaned from the system. Additionally these programs can be set up to periodically scan the entire computer for viruses. Virus protection programs are extremely effective when installed on a server and used in a local area network (LAN).

 

ဟိုတယ် IT နှင့် Computer Viruses များ

ကွန်ပြူတာဗိုင်းရပ်စ်များသည် ကွန်ပြူတာအား ”ကူးစက်”ကာ ဒေတာဖိုင်များ၊ စနစ်ဖိုင်များနှင့် အပလီကေးရှင်း များကို ပျက်စီးစေသော ကွန်ပျူတာပရိုဂရမ်များဖြစ်သည်။ ဗိုင်းရပ်စ်များသည် ၄င်းတို့ကိုယ်တိုင် ပုံတူပွားနိုင်ပြီး လျှို့ဝှက်ဖိုင်များ (သို့) ပရိုဂရမ်များ အနေဖြင့် ကွန်ပျူတာတစ်လုံးမှ အခြားတစ်လုံးသို့ ကူးစက်ပျံ့နှံ့နိုင်သည်။ ကွန်ပြူတာမှ USB တစ်လုံးကို ကွန်ပြူတာဆီသို့ သယ်ဆောင်ကာ ကွန်ပြူတာဗိုင်းရပ်စ်ပါရှိ/မရှိကို မစဉ်းစားဘဲ ဖိုင်များကို USB သို့ ကူးယူသည့်အခါတွင် ဗိုင်းရပ်စ်များ မကြာခဏ ကူးစက်တတ်သည်။ ကူးစက်ခံထားရသော USB သည် ဖိုင်များကိုဖတ်သည့် ကွန်ပျူတာတိုင်းသို့ ဗိုင်းရပ်စ်ကို မြင်သာမှုမရှိဘဲ ပို့လွှတ်နိုင်သည်။ ၎င်းသည် ကွန်ပြူတာတစ်လုံးမှ နောက်တစ်လုံးသို့ ကူးစက်သည်။
USB မှ တစ်ဆင့် ကွန်ပျူတာဗိုင်းရပ်စ်ကူးစက်မှု များပြားလာသောကြောင့် အသုံးပြုသူများအားလုံးကို ကွန်ပျူတာတွင် USB အသုံးမပြုနိုင်စေရန် တားဆီးခြင်းသည် ဟိုတယ်စီမံခန့်ခွဲမှုဌာန၏ ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်သည်။
ဒုတိယ နှင့် ပိုမိုထိရောက်သော (အန္တရာယ်ရှိသော) ဗိုင်းရပ်စ်များ ပြန့်ပွားသည့်နည်းလမ်းမှာ အင်တာနက်ပေါ်တွင်ဖြစ်သည်။ အင်တာနက်မေးလ် ပူးတွဲပါဖိုင်များသည် ကွန်ပြူတာဗိုင်းရပ်စ်များကို သယ်ဆောင်ရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသည်။ ဤဗိုင်းရပ်စ် ပရိုဂရမ်များကို အီးမေးလ်စာများနှင့် တွဲထားပြီး သုံးစွဲသူအများအပြားထံ ပေးပို့သည်။ ထို့နောက် ၄င်းမေးလ်များကို မယုံသင်္ကာ မဖြစ်သော အသုံးပြုသူသည် မေးလ်ကိုဖွင့်ကာ သတိမမူမိဘဲ ကွန်ပျူတာကို ဗိုင်းရပ်စ်ကူးစက်စေသည်။
ကွန်ပြူတာဗိုင်းရပ်စ်များ ပြန့်ပွားမှုကို တားဆီးရန် အထိရောက်ဆုံးနည်းလမ်းမှာ ကွန်ပြူတာများအား ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းမွန်သော Anti-Virus ပရိုဂရမ်ကို အသုံးပြုခြင်းဖြစ်သည်။ ဤပရိုဂရမ်များသည် ဗိုင်းရပ်စ်အကာအရံများအဖြစ် လုပ်ဆောင်ကြပြီး ၎င်းတို့ကို ဖွင့်ထားစဉ် (သို့) လုပ်ဆောင်နေချိန်တွင် သိရှိထားသည့် ကွန်ပျူတာဗိုင်းရပ်စ်များအတွက် ဖိုင်များကို စကင်န်ဖတ်သည်။ ဗိုင်းရပ်စ်တွေ့ရှိပါက၊ ၎င်းကိုချက်ချင်းစနစ်မှရှင်းလင်းမည်ဖြစ်သည်။ ထို့အပြင် အဆိုပါပရိုဂရမ်များသည် ကွန်ပျူတာတစ်ခုလုံးကို ဗိုင်းရပ်စ်များ အချိန်အခါအလိုက် စကင်န်ဖတ်ရန် စနစ်ထည့်သွင်းနိုင်သည်။ ဆာဗာတစ်ခုတွင် ထည့်သွင်းပြီး ဒေသဆိုင်ရာကွန်ရက် (Local Area Network – LAN) တွင် အသုံးပြုသောအခါတွင် ဗိုင်းရပ်စ်ကာကွယ်ရေးပရိုဂရမ်များသည် အလွန်ထိရောက်သည်။

Share:

More Blog Posts