The hotel industry in any country is a prime source for the generation of foreign currency exchange. Foreign Currency Exchanges are done in hotels through a strict system of checks and records. In a hotel, the front office cashier is the authorized person on behalf of the management to receive foreign exchange. As most of the overseas visitors prefer to pay their hotel bills in foreign currency, the cashier must know the rates of exchange. The hotel can exchange the foreign currency but cannot sell it. If the guest has settled his account in foreign currency, the balance should be given in the local currency. The foreign currency exchange rates offered by the hotel might be slightly higher than the bank rates. This is done to cover up the administrative costs, market fluctuations in the exchange rates and a small profit. Hotels accept foreign currencies but not coins.
မည်သည့်နိုင်ငံတွင်မဆို ဟိုတယ်လုပ်ငန်းသည် နိုင်ငံခြားငွေလဲလှယ်မှု အခြေအနေတစ်ခု (သို့) ကိစ္စရပ် တစ်ခုအတွက် အဓိက အရင်းအမြစ်နေရာတစ်ခုဖြစ်သည်။ နိုင်ငံခြားငွေလဲလှယ်မှုများကို တင်းကျပ်သော စစ်ဆေးမှုများနှင့် မှတ်တမ်းစနစ်များဖြင့် ဟိုတယ်များတွင်ပြုလုပ်ကြပါသည်။ ဟိုတယ်လုပ်ငန်းတစ်ခုတွင် Front Office ငွေကိုင်သည် စီမံအုပ်ချုပ်သူ ကိုယ်စား နိုင်ငံခြားငွေ လက်ခံရယူရန် အခွင့်အာဏာ ရှိသူဖြစ်သည်။ ပြည်ပ ဧည့်သည်အများစုသည် ၎င်းတို့၏ ဟိုတယ်ဘေလ် (Bill) များကို နိုင်ငံခြားငွေဖြင့် ပေးဆောင်လိုသောကြောင့် ငွေကိုင်သည် ငွေလဲနှုန်းများကို သိရှိရမည်ဖြစ်သည်။ ဟိုတယ်သည် နိုင်ငံခြားငွေကို လဲလှယ်ပေးနိုင်သော်လည်း ရောင်းချခြင်း မပြုလုပ်နိုင်ပါ။ ဧည့်သည်သည် နိုင်ငံခြားငွေဖြင့် ငွေရှင်းပါက လက်ကျန် (Balance) ငွေကို ဟိုတယ်မှ ပြည်တွင်းသုံးငွေဖြင့် ပြန်လည် လဲလှယ်၍ ပေးဆောင်ရပါသည်။ ဟိုတယ်မှ ပေးသော နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ဘဏ်နှုန်းထားများ ထက် အနည်းငယ်မြင့်မားနိုင်ပါသည်။ ဤကဲ့သို့ မြင့်မားရခြင်းမှာ စီမံခန့်ခွဲမှု ကုန်ကျစရိတ်များ၊ နိုင်ငံခြားငွေ လဲလှယ်သည့် စျေးကွက် အတတ်အကျများ နှင့် အမြတ် အနည်းငယ်တို့ကို ကာမိစေရန်အတွက်ဖြစ်ပါသည်။ ဟိုတယ်များသည် နိုင်ငံခြားငွေကို လက်ခံသော်လည်း အကြွေ စေ့များကို လက်ခံမည်မဟုတ်ပါ။